






Source:AYE MYA PHYU
(Unicode)
မိဘနှစ်ပါးပညာသင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခွင့်ရခဲ့လို့ပျော်နေတဲ့ အေးမြဖြူ
အေးမြဖြူကတော့ Myanmar Idol Season -4ရဲ့ပြိုင်ပွဲဝင်တစ်ဦးပဲဖြစ်ပါတယ်။ သူဟာပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး “လွမ်းနေလို့”နဲ့”နော်”ဆိုတဲ့သီချင်းလေးနှစ်ပုဒ်ကိုလည်းထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ ယခုဒီဇင်ဘာလထဲမှာလည်း သီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြနိုင်အောင်စီစဉ်နေတယ်လို့သိရပါတယ်။
လတ်တလောမှာလည်းအေးမြဖြူက ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ အေးမြဖြူကတော့မိဘနှစ်ပါးပညာသင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခွင့်ရခဲ့လို အတိုင်းမသိဝမ်းသာမိကြောင်းယခုလိုပဲပြောပြလာခဲ့ပါတယ်။
“ဖေဖေနဲ့မေမေ ပညာသင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခွင့်ရခဲ့လို့ အတိုင်းမသိဝမ်းသာမိပါတယ်ရှင် ဖိတ်ကြားပေးတဲ့ MRTVနဲ့ ရန်ကုန်တက္ကသိုလ်ကဆရာဆရာမများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်” ဆိုပြီးရေးသားကာပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။
Source:AYE MYA PHYU