





Source : Eint Chit
(Unicode)
ဆောင်းအငွေ့သက်တွေနဲ့အတူ အချစ်တွေလွှမ်းခြုံထားတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ
ပရိသတ်ကြီးရေ ချစ်သူဆီက ရိုမန့်တစ် ဆန်တဲ့ လက်ထပ်ခွင့်လေးတောင်းခံရပြီး နှစ်ကိုယ်တူဘဝတစ်ခုကို တည်ဆောက်ခဲ့ကြတဲ့ အိမ့်ချစ်ကတော့ သာယာပျော်ရွှင်တဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ ။ ကိုဗစ်ကြောင့် မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ မလုပ်ဖြစ်ခဲ့ပေမယ့်လည်း မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပြီး အမိုက်စား Pre-wedding ပုံလေးတွေ ရိုက်ကူးခဲ့ကြပါတယ် ။
အိမ့်ချစ်တို့ ဇနီးမောင်နှံရဲ့ ရိုမန့်ဆန်တဲ့ Pre-Wedding ပုံလေးတွေကိုတော့ ပရိသတ်တွေက အရမ်းကိုသဘောကျနေကြပြီး အားကျနေကြတာပါ ။ လတ်တလောမှာလည်း ပရိသတ်တွေအားကျသွားအောင် အမိုက်စား စုံတွဲပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလိုက်ပြန်ပါပြီ ။ SWEET DECEMBER ဆိုတဲ့စာသားလေးနဲ့အတူ ဆောင်းအငွေ့သက်တွေနဲ့အတူ အချစ်တွေလွှမ်းခြုံထားတဲ့ သူမတို့ရဲ့ စုံတွဲပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ သူမတို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ကြည့်ပြီး အရမ်းကို လိုက်ဖက်ကြောင်းနဲ့ အားကျတယ်ဆိုတဲ့ မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ အိမ့်ချစ်ရဲ့ ပရိသတ်ကြီးအတွက် သူမတို့ဇနီးမောင်နှံရဲ့ အရိုတလိုင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Eint Chit