Asian Academy Creative Awards ဆုပေးပွဲလေးကို ခမ်းနားထည်ဝါတဲ့ဖက်ရှင်လေးဝတ်ကာ ချစ်ဖေဖေနဲ့အတူ တက်ရောက်ခဲ့တဲ့ ပန်းရောင်ခြယ် – Myanmar Hot News
3rd June 2023





Yuan – Cele Zone
photo – Pan Yaung Chel

(Unicode)

Asian Academy Creative Awards ဆုပေးပွဲလေးကို ခမ်းနားထည်ဝါတဲ့ဖက်ရှင်လေးဝတ်ကာ ချစ်ဖေဖေနဲ့အတူ တက်ရောက်ခဲ့တဲ့ ပန်းရောင်ခြယ်

ပန်းရောင်ခြယ်က နိုင်ငံကျော်အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်တာကြောင့် မသိသူမရှိလောက်အောင်ပဲဖြစ်ပါတယ်။ချစ်ဖေဖေဖြစ်သူရဲ့ ခြေရာကို နင်းနိုင်သူလို့လည်း အများက ချီးကျူးပြောဆိုတာကို ခံရသူလည်း ဖြစ်ပါတယ်။ ဂရေဟမ်နဲ့အတူ သီချင်းတွေကိုလည်း တွဲဖက်သီဆိုနေတာလည်းဖြစ်ပါတယ်။သူမရဲ့ သီချင်းလေးတွေဟာဆိုရင်လည်း နားထဲစွဲနေအောင် အသံကောင်းလွန်းသူလေးလည်းဖြစ်ပါတယ်။

အသံပါဝါကောင်းကောင်းနဲ့ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အလှလေးတွေကြောင့် ပရိသတ်တွေအသည်းစွဲချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်ဟာ အဆိုဘက်တွင်သာမကဘဲ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြားမှာ ပရိသတ်တွေကြွေခဲ့ရပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဆိုသလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ရွှေဝါရောင် ခမ်းနားလွန်းတဲ့ ဖက်ရှင်လေးကိုဆင်မြန်းကာ ချစ်ရတဲ့ ဖေဖေနဲ့အတူ Asian Academy Creative Awards ဆုပေးပွဲလေးကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေကိုဖော်ပြခဲ့ရာ သားအဖနှစ်ယောက်လုံး အရမ်းချစ်စရာကောင်းလွန်းနေတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone
photo – Pan Yaung Chel

Leave a Reply

Your email address will not be published. Required fields are marked *