မိခင္ၾကီးဆံုးပါးသြားတဲ့ (၈)လျပည့္ေန႕ေလးမွာ လိုအပ္ေနသူမိန္းကေလးငယ္ေလးတစ္ဦးအား မ်က္လံုးတုလွဴဒါန္းေပးလိုက္တဲ့ ေခ်ာရတနာ – Myanmar Hot News
27th March 2023

မိခင္ၾကီးဆံုးပါးသြားတဲ့ (၈)လျပည့္ေန႕ေလးမွာ လိုအပ္ေနသူမိန္းကေလးငယ္ေလးတစ္ဦးအား မ်က္လံုးတုလွဴဒါန္းေပးလိုက္တဲ့ ေခ်ာရတနာ

ေခ်ာရတနာကေတာ့ အႏုပညာေလာကမွာ အခုခ်ိန္ထိ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သူ ျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီး ကေလးႏွစ္ေယာက္ထြန္းကားခဲ့တဲ့ ေခ်ာရတနာက သားနဲ႔သမီးကိုျပဳစုေစာင့္ေရွာက္ရင္း အႏုပညာအလုပ္ေတြကို အနည္းငယ္သာလုပ္ကိုင္ေနတာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အခုခ်ိန္အထိ မင္းသမီးေခ်ာရတနာကိုခ်စ္ခင္အားေပးေနၾကတာလည္းျဖစ္ပါတယ္။

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကိုရရွိပိုင္ဆိုင္ထားတာျဖစ္ၿပီး ပရိသတ္ေတြကလည္း သူမရဲ့ မိသားစုဘဝေလးကို အားက်ေနၾကတာလည္း ျဖစ္ပါတယ္။ ေခ်ာရတနာကေတာ့ သ႐ုပ္ေဆာင္ေတာ္သလို စကားေျပာလိုက္တိုင္းမွာလည္း အရမ္းခ်စ္ဖို႔ေကာင္းတာေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနရတာ ျဖစ္ပါတယ္ ။

အခုမွာေတာ့ မၾကာခင္ကဆုံးပါးသြားတဲ့ မိခင္ျဖစ္သူရဲ့ ၈လျပည့္ေန႔ေလးမွာ မိန္းမငယ္ေလးတစ္ဦးအား မ်က္လုံးတုေလးလႉကာကုသိုလ္ေကာင္းမႈျပဳလုပ္ခဲ့ေၾကာင္းကို ပုံေလးေတြနဲ႔အတူ “အေမ့ ၈လျပည့္အေနနဲ႔ မ်က္လုံးတုလႉေပးျဖစ္ခဲ့တယ္ ကိုယ္လႉေပးလိုက္တဲ့ အလႉေၾကာင့္ ညီမေလး ဘယ္ေလာက္လွသြားလဲ ၾကည့္ပါအုံးသူ႔ဘဝေလး ထာဝရ လွပ ပါေစ”ဆိုတဲ့ စာေလးကိုေဖာ္ျပထားရာ ဖတ္ၿပီးၾကည္ႏူးပီတိျဖစ္ရသလို ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ မၽွေဝေပးလိုက္ပါတယ္ ။

Credit – Cele Zone
photo – Chaw Yadanar

(Unicode)

မိခင်ကြီးဆုံးပါးသွားတဲ့ (၈)လပြည့်နေ့လေးမှာ လိုအပ်နေသူမိန်းကလေးငယ်လေးတစ်ဦးအား မျက်လုံးတုလှူဒါန်းပေးလိုက်တဲ့ ချောရတနာ

ချောရတနာကတော့ အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုများစွာရရှိခဲ့သူ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ထွန်းကားခဲ့တဲ့ ချောရတနာက သားနဲ့သမီးကိုပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုချိန်အထိ မင်းသမီးချောရတနာကိုချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ မိသားစုဘဝလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ ချောရတနာကတော့ သရုပ်ဆောင်တော်သလို စကားပြောလိုက်တိုင်းမှာလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ် ။

အခုမှာတော့ မကြာခင်ကဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ ၈လပြည့်နေ့လေးမှာ မိန်းမငယ်လေးတစ်ဦးအား မျက်လုံးတုလေးလှူကာကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ကြောင်းကို ပုံလေးတွေနဲ့အတူ “အမေ့ ၈လပြည့်အနေနဲ့ မျက်လုံးတုလှူပေးဖြစ်ခဲ့တယ် ကိုယ်လှူပေးလိုက်တဲ့ အလှူကြောင့် ညီမလေး ဘယ်လောက်လှသွားလဲ ကြည့်ပါအုံးသူ့ဘဝလေး ထာဝရ လှပ ပါစေ”ဆိုတဲ့ စာလေးကိုဖော်ပြထားရာ ဖတ်ပြီးကြည်နူးပီတိဖြစ်ရသလို လေးစားမိတာကြောင့် ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Credit – Cele Zone
photo – Chaw Yadanar

Leave a Reply

Your email address will not be published. Required fields are marked *