






(Unicode)
(၁၆) နှစ်အရွယ်လေးနဲ့ ကိုယ့်အလုပ်လုပ်နေတာတောင် အနှောင့်အယှက်တွေရှိကြောင်းပြောလာခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့သမီးငယ်လေး ထင်သစ္စာ –
အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ သူမနဲ့တူပြီး အနုပညာသွေးအပြည့်ပါတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလကတော့ သရုပ်ဆောင်ဝါသနာပါသလို သမီးငယ် ထင်သစ္စာကတော့ ဂီတဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။ ဘုန်းမင်းနေလကလည်း အနုပညာအလုပ်တွေလုပ်သလို ထင်သစ္စာကတော့ ကျောင်းပညာရေးတစ်ဖက်နဲ့ မေမေ့ရဲ့ အလုပ်တွေကို ကူညီပြီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
မေမေနဲ့အတူတူ အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချပေးနေတဲ့ ထင်သစ္စာကတော့ (၁၆) နှစ်အရွယ်လေးနဲ့ အလုပ်တွေ လုပ်နေတာတောင် အနှောက်အယှက်တွေရှိကြောင်း အခုလိုပဲ ရင်ဖွင့်ပြောပြလာပါတယ်။ ထင်သစ္စာက “ကိုယ့်အလုပ်ကို လုပ်နေတာတောင် အနှောင့်အယှက်တွေကလည်း များလိုက်တာ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။
ထင်သစ္စာကတော့ (၁၆) နှစ်အရွယ်လေးနဲ့တောင် အလုပ်တွေ ကြိုးစားနေတာကို နှောင့်ယှက်ကြသူတွေရှိကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ မိသားစုအပေါ် သိတတ်တဲ့ ထင်သစ္စာတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Source: Htin Thitsar’s fb
Credit – Cele Connectio ns