မွေးနေ့လေးမှာ ဧရာဝတီဖောင်ဒေးရှင်းအတွက် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ မင်းသားကြီးရန်အောင် – Myanmar Hot News
31st May 2023






photo – Yan Aung

(Unicode)

မွေးနေ့လေးမှာ ဧရာဝတီဖောင်ဒေးရှင်းအတွက် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ မင်းသားကြီးရန်အောင်

မင်းသားကြီးရန်အောင်ကတော့ အကယ်ဒမီဆုများစွာကို ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ရန်အောင်က ယနေ့အချိန်အထိလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် သူချစ်ရတဲ့မိခင်ကိုလည်း လုပ်ကျွေးပြုစုနေတာ ဖြစ်ပါတယ် ။

ငယ်စဉ်ကတည်းက ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ ပျိုမဒီတွေကိုဖမ်းစားနိုင်ခဲ့တဲ့ ရန်အောင်က အခုချိန်အထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ရန်အောင်ကတော့ ပိုပိုပြီးနုပျိုကာ လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ အနုပညာအလုပ်တွေ နားထားပေ့မယ့်လည်း အလှူအတန်းတွေကိုတော့ တတ်နိုင်သလောက်ပါဝင်ကူညီလုပ်ကိုင်လျက်ရှိတာတွေ့ရပါတယ် ။အခုလည်း မွေးနေ့လေးမှာ သူရှာဖွေစုဆောင်းထားတဲ့ငွေကျပ်သိန်း(၂၀၀) တိတိကို ဧရာဝတီစင်တာအားလှူဒါန်းခဲ့တဲ့အကြောင်းလေးကို အလှူမှတ်တမ်းပုံလေးတွေနဲ့အတူဖော်ပြခဲ့တာဖြစ်ပါတယ် ။ ခုလိုလှူဒါန်းရလို့အရမ်းပီတိဖြစ်နေကြောင်းလည်းပြောကြားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone
photo – Yan Aung

Leave a Reply

Your email address will not be published. Required fields are marked *