သင်ဇာဝင့်ကျော်ရဲ့ လက်တွေ့ဘဝထဲက ပင်ကိုယ်နေထိုင်မှုကိုထုတ်ပြောပြထားတဲ့ ဓာတ်ပုံဆရာတစ်ဦး – Myanmar Hot News
30th May 2023

သင်ဇာဝင့်ကျော်ရဲ့ လက်တွေ့ဘဝထဲက ပင်ကိုယ်နေထိုင်မှုကိုထုတ်ပြောပြထားတဲ့ ဓာတ်ပုံဆရာတစ်ဦး

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​ပြီး စိတ်​ထားလည်း ​ကောင်းလွန်းသူ​လေး တစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ဓာတ်​ပုံဆရာတစ်​ဦးက ဖန်သားပြင် ​​အပြင်ဘက်​က သင်​ဇာဝင့်​​ကျော်​ရဲ့အ​ကြောင်းတစ်​ခုကို ထုတ်​​ပြောလာတာ ​တွေ့ရပါတယ်​။ အဆိုပါဓာတ်​ပုံဆရာ ​ပြောပြတဲ့ ပုံစံအရဆိုရင်​​တော့ သင်​ဇာဝင့်​​ကျော်​က ဘာသာတရားလည်း ကိုင်းရှိုင်းပြီး နူးညံ့သိမ်​​မွေ့တဲ့သူတစ်​ဦးဆိုတာ သိနိုင်​ပါတယ်​​နော်​။

ဓာတ်​ပုံဆရာ ​နေမင်းထွန်းက​တော့ “သင်ဇာ့ကို ချစ်တာ အ့ကြောင့်လဲပါတယ် သင်ဇာနဲ့ ကိုနေ ခရီးတွေ သွားခဲ့တာ မနည်းတော့ဘူး ကိုနေကြည့်နေတာ ခရီးတခုမသွားခင်ဘဲ ဖြစ်ဖြစ် အပြန်ခရီးဖြစ်ဖြစ် သူလေးနဲ့ အမြဲတမ်းခရီးအတူသွားတိုင်း ခုလိုတွေ ဘုရားစာတွေကို အမြဲ သူရွတ်ဖတ်နေတတ်တယ်ခုတော့ ကိုနေ ချစ်လွန်းလို့ သင်ဇာ့ရဲ့ အချစ်တော်တွေလဲ သူမ ခရီးတခုသွားတိုင်း စိတ်ပူနေတဲ့ သူတွေလဲ ရှိမှာဘဲ စိတ်မပူပါနဲ့လို့” ဆိုပြီး သင်​ဇာ့ကို အချစ်​ပိုလွန်းစွာ​ ထုတ်​​ပြောထားတာပါ။

ဘေးနားက ဓာတ်​ပုံဆရာ​တောင်​ အချစ်​ပိုခဲ့ရတဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ ပင်​ကိုယ်​​နေထိုင်​မှုပုံစံ

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း၊ မိသားစုကို အထောက်အပံ့ပေးနေတဲ့ သမီးလိမ္မာလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သင်ဇာလေးကတော့ လက်ရှိမှာလည်း “မြမြ” ရုပ်ရှင်ကို ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အပြင်​မှာ အရမ်းကို သိမ်​​မွေ့နူးညံ့ပြီး ဘာသာတရား ကိုင်းရှိုင်း​သူ​လေး သင်ဇာ့ကိုချစ်ရင် ဝေမျ သွားကြဖို့ မမေ့ပါနဲ့နော်။

Photo Scource;
Credit; DailyHotNewMedia

Leave a Reply

Your email address will not be published. Required fields are marked *