“ရှေ့မှီနောက်မှီ” Album တွင်ပါဝင်သော “မောင့်အချစ်ဦး” သီချင်း MV မှာ တစ်နာရီအတွင်းမှာတင် ပေါက်သွားခဲ့တဲ့ ထက်ယံ၊သားသားနဲ့ နွဲ့ယဉ်ဝင်းတို့ရဲ့ သီးချင်း – Myanmar Hot News
31st March 2023

“ရှေ့မှီနောက်မှီ” Album တွင်ပါဝင်သော “မောင့်အချစ်ဦး” သီချင်း MV မှာ တစ်နာရီအတွင်းမှာတင် ပေါက်သွားခဲ့တဲ့ ထက်ယံ၊သားသားနဲ့ နွဲ့ယဉ်ဝင်းတို့ရဲ့ သီးချင်း

(၁၉၇၀) ခုနှစ်ဝန်းကျင်မှစ၍ ယနေ့အချိန်အထိ လူကြီး၊လူငယ်ပရိသတ်တွေကြား လွမ်းမိုးမှုကြီးခဲ့တေနးသီချင်းပိုင်ရှင်တွေကတော့ တေးသံရှင် နွဲ့ယဉ်ဝင်း ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုသာမက အနုပညာရှင်များရဲ့ လေးစားအားကြခြင်းခံနေရသူတွေလည်းဖြစ်ပါတယ်။

သူရဲ့ သီချင်းတွေကလည်း အခုအချိန်အထိ ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာလည်း သူ့ရဲ့ ပုံတွေ၊သီချင်းတွေကို မကြာခဏတွေ့ရမှာပါ။

ထက်ယံနဲ့ သားသားတို့ရဲ့ သီချင်းတွေက တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် လူငယ်တွေကြား အောင်မြင်ပြီး လူကြိုက်များလှပါတယ်။ထက်ယံနဲ့ သားသားတို့ရဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ “ရှေ့မှီနောက်မှီ” Album ကလည်း ပေါက်ခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ သားသားနဲ့ ထက်ယံတို့ရဲ့ “ရှေ့မှီနောက်မှီ” Album ထဲက အန်တီနွဲ့ယဉ်ဝင်းနဲ့အတူတူ သီဆိုထားတဲ့ “မောင့်အချစ်ဦး” သီချင်းလေးကတော့ MV ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ထက်ယံနဲ့ သားသားတို့ရဲ့ “မောင့်အချစ်ဦး” MV လေးကို မျှဝေပေးလိုက်ပါတယ်နော်။

“မောင့်အချစ်ဦး” သီချင်းလေးက MV မထွက်ခင် Audio မှာကတည်းက ပရိသတ်တွေအကြိုက် သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး Tik Tok မှာပါ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

သားသား၊ ထက်ယံနဲ့ အန်တီနွဲ့ယဉ်ဝင်းတို့ရဲ့ “မောင့်အချစ်ဦး” MV လေးကတော့ ပရိသတ်တွေ စောင့်မျှော်ရကျိုး နပ်ပါတယ်။

Credit; DailyHotNewMedia

Leave a Reply

Your email address will not be published. Required fields are marked *