လောကကြီးမှာ ရိုးသားစွာ လှုပ်ရှားမယ်ဆိုပြီးမနက်ခင်းအား နှုတ်ခွန်းဆက်သလိုက်တဲ့ အိန္ဒြာကျော်ဇင် – Myanmar Hot News
1st June 2023

လောကကြီးမှာ ရိုးသားစွာ လှုပ်ရှားမယ်ဆိုပြီးမနက်ခင်းအား နှုတ်ခွန်းဆက်သလိုက်တဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်များစွာရဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီဆုကြီးနှစ်ဆုနဲ့ အခြားသော ဂုဏ်ထူးဆောင်ဆုတွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိန္ဒြာကျော်ဇင်က အခုချိန်ထိတိုင် ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က မနက်စောစောစီးစီးမှာ Positive Thinking တွေနဲ့ ပရိသတ်တွေကို အခုလိုပဲ နှုတ်ခွန်းဆက်သထားတာကို တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်က “လောကကြီးကို…..ကြည်လင်တဲ့အကြည့်နဲ့ကြည့်မယ်။ ကျေနပ်စွာပြုံးမယ်။ စစ်မှန်တဲ့ ခံစားချက်ကို ဖေါ်ထုတ်မယ်။ ရိုးသားစွာလှုပ်ရှားမယ်။ဒါတွေအားလုံးတကယ်ဖြစ်ဖို့တော့လိုတယ်” ဆိုပြီး မင်္ဂလာရှိတဲ့စကားလေး ဆိုထားတာပါ။

အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အနုပညာကို အကောင်းဆုံးနဲ့ အရိုးသားဆုံး လုပ်ကိုက်ခဲ့တာကြောင့် အခုချိန်ထိ နာမည်ပျက်လုံးဝမရှိပဲ အောက်မြင်စွာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ အဲ့လိုကြည်လက်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေက ပိုချစ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။

Credit;DailyHotNewMedia

Leave a Reply

Your email address will not be published. Required fields are marked *