
ပရိသတ်တွေက စူစူလို့ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးကတော့ အိချောပိုဖြစ်ပါတယ်။စူစူကတော့ အရပ်မြင့်မြင့်ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသလို ထူးခြားတဲ့အနုပညာအရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။


ရုပ်ရှင်ဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်ခဲ့ပြီး အခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်စိတ်ကျေနပ်ခဲ့ရပါပြီ။ မနေ့က ဇန်နဝါရီ ၃ရက်နေ့ဟာဆိုရင် စူစူရဲ့ အသက်(၂၉)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။မွေးနေ့မှာ အလုပ်ကိစ္စနဲ့ပြင်ဦးလွင်ကိုရောက်နေပေမယ့်လည်း ဂရုတစိုက်နဲ့ ချစ်တဲ့သူတွေကြောင့် မွေးနေ့လက်ဆောင်လေးတွေ ကြိုပြီးတော့ရရှိခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုလည်း ပရိသတ်ကိုသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်မျှဝေထားတာပါ။

စူစူကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ပြီး အဆက်မပြတ်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကလည်း အလုပ်ကြိုစားတဲ့ စူစူလေးကိုအချစ်ပိုနေကြတာပါ။စူစူတစ်ယောက် အသက်(၂၉)နှစ်မှစပြီး အောင်မြင်မှုများစွာနဲ့အနုပညာလမ်းမှာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : EiChawPo