
နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ မင်းသားချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ Hip Hopလောကရဲ့ ဘုရင်တစ်ပါးဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်ကာ မြန်မာနိုင်ငံရဲ့ မိန်းကလေးပရိတ်သတ် အများဆုံး ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။


အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေကိုသာမက စီးပွားရေးပိုင်းမှာလည်း ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ Sai Cosmetic ဟာဆိုရင် မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံးနေရာတစ်ခုမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။
ခုတစ်ခါမှာတော့ စိုင်းစိုင်းခမ်းလှိုင်က “ရန်ကုန်က အဆိုတော် အဂ္ဂါစိုင်း မေမြို့ရောက်နေတုန်းလေး” ဟုဆိုကာ မေမြို့က ထင်းရှူးတောထဲမှာ သူ့ရဲ့ စတိုင်ကျတဲ့ ပုံရိပ်တစ်ချို့ကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မိန်းခလေး ပရိတ်သတ် အများဆုံး ရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မေမြို့ ထင်းရှူးတောထဲက စတိုင်ကျတဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ သဘောကျကျေနပ်နှစ်သက်ကြမယ်ဆိုရင် Like and Shareလေး လုပ်ပေးသွားကြအုံးနော်။

Source; Sai Sai Kham Leng