တောင်ပေါ်မှာ ချစ်စရာခွေးလေးတွေနဲ့ စကိတ်စီးပြီး ကလေးလေးတစ်ယောက်လို ပျော်ပါးနေတဲ့ ရွှေကစ်လေး – Myanmar Hot News
30th May 2023

တောင်ပေါ်မှာ ချစ်စရာခွေးလေးတွေနဲ့ စကိတ်စီးပြီး ကလေးလေးတစ်ယောက်လို ပျော်ပါးနေတဲ့ ရွှေကစ်လေး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ရွှေကစ်လေးကတော့ အနုပညာလောကကို စတင်ပြီး ဝင်ရောက်လာကတည်းက သူမရဲ့ လှပတဲ့ အရုပ်မလေးမျက်နှာနဲ့ ခန္ဒာကိုယ်လေးကြောင့် လူသိများပြီး ရေပန်းစားခဲ့ရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ပြောစရာ မလိုလောက်အောင်ကို ကောင်းမွန်ခဲ့တာကြောင့် ပရိတ်သတ်ရဲ့ ရင်ထဲမှာ ထာဝရရှင်သန်နေခဲ့တာ ယခုအချိန်ထိပါပဲ။

သူမဟာ အကယ်ဒမီဆုကြီး ၂ခုကို ရပြီးခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လဲ ဖြစ်ပါတယ်။ အပျိုကြီးလို့ စနောက်ခံနေရပေမယ့် သူမရဲ့အလှကတော့ ဟိုအရင်တုန်းက ကလေးလေးတစ်ယောက်လို ဖြူစင်ကာ လှပနေဆဲပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ သူမက Asian Awards ဆုတွေကို ရခဲ့ကာ မြန်မာမာနိုင်ငံရဲ့ ကိုယ်စားပြု သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

ခုတစ်ခါမှာတော့ ရွှေကစ်လေးက တောင်ပေါ်မှာ ချစ်စရာခွေးလေးတွေနဲ့ စကိတ်စီးပြီး ကလေးလေးတစ်ယောက်လို ပျော်ပါးနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source; Wutt Hmone Shwe Yi

Leave a Reply

Your email address will not be published. Required fields are marked *