
မြန်မာအိုင်ဒေါ Season 3ရဲ့ Winner ဆုကို ထိုက်တန်စွာ ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ ရိုးသားဖြူစင်တဲ့ စိတ်ထားနဲ့အတူ သူ့ရဲ့ ကောင်းလွန်းတဲ့ အသံပါဝါကြောင့် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အခိုင်အမာ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးမြတ်အောင်ကတော့ ရိုးသားကြိုးစားတဲ့ ဧရာဝတီတိုင်းသားလေး ဖြစ်ပြီးတော့ မိသားစုအပေါ် သိတတ်တဲ့ သားအလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်။


ဖြိုးမြတ်အောင်ဟာ ယခုနောက်ပိုင်းမှာဆိုရင် Cover Songတွေကို သီဆိုတဲ့အပြင် သူကိုယ်တိုင် ဖန်တီးထားတဲ့ သီချင်းတွေကိုလည်း သီဆိုနေပြီပဲ ဖြစ်ပါတယ်။ အဲ့ဒီအပြင် အဆိုတော် ဖြိုးမြတ်အောင်ဟာ ကြောက်ငြာရိုက်ကူးရေးတွေကိုလည်း အဆင်မပြတ် ရိုက်လာတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ အဆိုတော် ဖြိုးမြတ်အောင်က “2020 သို့ အချစ်ကလေးတွေ ပေးတဲ့ မေတ္တာလက်ဆောင် လေးတွေနဲ့ အတူ ချီတက်နေသော တက်လမ်းတွေ ရှိသော ကောင်လေး အားလုံးကို အရမ်းချစ်တယ်နော် ❤️❤️❤️” လို့ကာ ချစ်ပရိတ်တွေဆီကနေ ရရှိခဲ့တဲ့ မေတ္တာလက်ဆောင်များစွာကို သူ့ရဲ့ ဖေ့စဘွတ် စာမျက်နှာကနေ ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Phyo Myat Aung