
MRTV4 ဇာတ်လမ်းတွဲ မင်းသမီးချောလေး ခြူးလေးကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Tik Tokတွေဆော့ဆဲ့အခါမှာလည်း ပီပြင်စွာ ဆော့တတ်လွန်းတာကြောင့် Tik Tokဘုရင်မတစ်ပါးလို့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။

ခြူးလေး သရုပ်ဆောင်ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ပဉ္စလက်ရွာ၊ ချစ်ရပါသော နွေ၊ မိုးပန်းပွင့်ရဲ့ သင်္ကေတ၊ နွေလယ်ညရဲ့ လမင်း နှင့် ပို၍လှသော မနက်ဖြန် တို့ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ခြူးလေးဟာဆိုရင် သရုပ်ဆောင်ဘက်မှာသာမက အဆိုပိုင်းမှာလဲ တော်တဲ့သူဖြစ်သောကြောင့် နယ်ပွဲတွေကိုလည်း လိုက်ဆိုနေရသူပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ သရုပ်ဆောင် ခြူးလေးက “ဟိတ် ….. ပန်းရောင်ကောင်မလေးကို ချစ်ရင် စိတ်ချမ်းသာအောင် ထားပါ …..” လို့ ဆိုကာ ပန်းရောင်ဝတ်စုံလေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပန်းရောင်မင်းသမီးလေး ခြူးလေးရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source; Chue Chue