မန္တလေး ၆၆လမ်း ကျုံးဘေး ပလက်ဖောင်းပေါ်ရှိ အားကစားကိရိယာများကို မစင်သုတ်လိမ်းသွားခြင်း – Myanmar Hot News
31st May 2023

မန္တလေး ၆၆လမ်း ကျုံးဘေး ပလက်ဖောင်းပေါ်ရှိ အားကစားကိရိယာများကို မစင်သုတ်လိမ်းသွားခြင်း

မန္တလေးကျုံးပတ်လည်မှာ ပြည်သူတွေ အားကစားလုပ်ရန်အတွက် အားကစားပစ္စည်းများကို ထားရှိပေးထားတာကို စာဖတ်သူတွေ သိရှိပြီးဖြစ်ပါလိမ့်မယ်။

အဆိုပါ အားကစားကိရိယာတွေရဲ့လက်ကိုင်နေရာတွေမှာ မစင်များလာရောက်သုတ်လိမ်းထားရှိမှုကို ကျုံးဘေးမှာ ထားရှိတဲ့ CCTV မှတ်တမ်းများအရ တွေ့ ရှိထားပါတယ်။

ဓါတ်ပုံပါလာရောက်သုတ်လိမ်းသူဟာ ၆၆လမ်း ကျုံးဘေးပလက်ဖောင်းရှိ အားကစားကိရိယာတွေကို လာရောက်သုတ်လိမ်းသွားခြင်းဖြစ်ပါတယ်။

မစင်တွေကို အိပ်နဲ့ ထည့်လာပြီးသုတ်လိမ်းခြင်းဖြစ်တဲ့အတွက် ဒါဟာကြိုတင်ပြင်ဆင်လာတဲ့ အချက်ဆိုတာ သိသာနိုင်ပါတယ်။

ယခုလို လာရောက်သုတ်လိမ်းသူကို ဖမ်းဆီးရမိစေရန်လည်း ပြည်သူတွေက ၀ိုင်းဝန်းကူညီကြဖို့ ကို ဆော်သြ ထားတာကိုတွေ့ ရှိရပါတယ်။

Source: Ohmar Win

Leave a Reply

Your email address will not be published. Required fields are marked *