ပြည့်တန်ဆာလုပ်ငန်း ၀န်ထမ်းခေါ်ရာမှာ ပေါ်တင်လွန်းတာကြောင့် အဖမ်းခံရတဲ့ မူဆယ်က တရုတ်အဖွဲ့  – Myanmar Hot News
2nd June 2023

ပြည့်တန်ဆာလုပ်ငန်း ၀န်ထမ်းခေါ်ရာမှာ ပေါ်တင်လွန်းတာကြောင့် အဖမ်းခံရတဲ့ မူဆယ်က တရုတ်အဖွဲ့ 

မူဆယ် မြို့နယ်အတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ ဆိုပြီး ပြည့်တန်ဆာ ၂၅ဦးခေါ်တဲ့ အလုပ်ရှင်တွေလို့ ယူဆရသူ တရုတ်နိုင်ငံသား ၅ဦးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ရက် နေ့လည် ၂နာရီမှာ ဖမ်းဆီးလိုက်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က အတည်ပြု ခဲ့ကြောင်း BBC သတင်းတပုဒ်အရ သိရပါတယ်။

အဲဒီတရုတ် ၅ဦးကို မူဆယ်မြို့နယ်၊ အလယ်ပေါက်လို့ခေါ်တဲ့နေရာအနီး၊ အဆောက်အဦးတခုကနေ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူဆယ်မြို့အတွင်း ပြည့်တန်ဆာလုပ်ငန်း အသစ်လုပ်ကိုင်လိုလို့ အလုပ်သမားခေါ်ယူတာလို့ အလုပ်ခေါ်စာမှာ ပါတဲ့ ဖုန်းနံပါတ်ကို ဘီဘီစီ သတင်းဌာန က ဆက်သွယ်စုံစမ်းမေးမြန်းရာမှ သိရှိခဲ့ရပြီး ဆက်သွယ်မှုရစဉ်မှာတော့ အလုပ်လုပ်ဖို့ အမျိုးသမီး ၁၀ဦးအထိရရှိထားပြီလို့လည်း သိရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးတဲ့အခါမှာတော့ အမျိုးသမီးတွေကို မတွေ့ခဲ့ရဘူးလို့ ရဲမှူးချုပ် ဇော်ခင်အောင် ကပြောခဲ့ပြီး ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ကာ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေး နွေးပြီး အရေးယူသွားမှာလို့ ဆိုပါတယ်။

အမျိုးသမီးတွေကို တွေ့ရှိခဲ့ရင်လည်း ဥပဒေအရ အရေးယူတာတွေလုပ်မှာမဟုတ်ဘူးလို့ သူကပြောဆိုခဲ့ပြီး အလုပ်ခေါ်စာမှာပါတဲ့ ဖုန်းနံပါတ်က ပြန်လည်ဖြေကြားသူတွေက အလုပ်လုပ်လိုသူ မိန်းကလေးတွေကို လာရောက်ပို့ဆောင်ပေးပါက ပွဲစားခအနေနဲ့ မိန်းကလေးတစ်ဦး ရရင် နှစ်သောင်းကျပ်မှ လေးသောင်း ကျပ်အထိ ပေးမယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် အသက်အရွယ်ပေါ်မူတည်ကာလည်း ဈေးကွာခြားမှုရှိကာ၊ အလုပ်မှာ မြဲမြဲလုပ်နိုင်တဲ့သူတွေကို ပိုလိုလားပြီး ပိုက်ဆံလည်း ပိုပေးမယ်လို့ ဆိုပါတယ်။ အသက် ၃၀နဲ့ အထက်ကိုတော့ ခေါ်ယူမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်း မူဆယ်မှာပဲ တရုတ်အမျိုးသားတွေနဲ့ မင်္ဂ္လာဆောင်ကာ ကလေးမွေးပေးဖို့ ခေါ်ယူတာတွေလည်း ရှိခဲ့ပြီး မူဆယ်မှာ တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မ မင်္ဂ္လာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူး ရောင်းစားခံရတဲ့ အမျိုးသမီးများ ထောင်နဲ့ချီရှိနေပြီး ပျှမ်းမျှအားဖြင့် အမျိုးသမီးပေါင်း ၇၅၀ဝ လောက်ရှိ တယ်လို့ ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ် ကျောင်းက ပြည်သူ့ ကျန်းမာရေးဌာန နဲ့ ကချင် အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Photo: Muse Local Supporter

News Source: ဖြစ်ရပ်မှန်သတင်းများ

Leave a Reply

Your email address will not be published. Required fields are marked *