ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ( ၁၈ )ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်၌ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာတွင် မနန်း…(၄)နှစ်အရွယ် ကလေးငယ်သည် တစ်ရွာတည်းနေ စိုင်းထွန်းအောင်(၁၃)နှစ်၏ နေအိမ်အောက်ထပ်တွင် ဆော့ကစားနေစဉ်
စိုင်းထွန်းအောင်(၁၃)နှစ်မှ အိမ်ပေါ်ထပ်သို့ပွေ့ချီကာခေါ်သွားခဲ့ပြီး အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဖွားဖြစ်သူထံသို့ငိုယိုပြီး ပြန်လာသည့် ကလေးငယ်အား မေးမြန်းကြည့်ရာမှ မုဒိမ်းကျင့်ခံခဲ့ရကြောင်းသိရပြီး ရဲစခန်းသို့တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သားမယားပြုကျင့်ခဲ့သည့် စိုင်းထွန်းအောင်( ၁၃ )နှစ်၊ (ဘ)ဦးစိုင်းဝါယမ၊ နယ်မြေ(၁၀)၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာ၊ ရွှေညောင်မြို့ နေထိုင်သူအား ရွှေညောင်မြို့နယ်မြေရဲစခန်း(ပ)၁၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Source: နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)
SH – သတင်းဌာန and Kanbawza time