သိမ်ဇရပ်ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦး ဓာတ်မှန်ခန်းထဲတွင် ဆေးသောက် သေဆုံးမှုဖြစ်။ – Myanmar Hot News
30th May 2023

သိမ်ဇရပ်ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦး ဓာတ်မှန်ခန်းထဲတွင် ဆေးသောက် သေဆုံးမှုဖြစ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့နယ်ဆေးရုံ ဓာတ်မှန်ခန်းအတွင် အမျိုးသမီးတစ်ဦးဆေးသောက်သေဆုံးမှုဖြစ်သွားခဲ့တယ်လို့သိရသည်။


အဆိုပါဖြစ်စဉ်မှာ ၂၀ – ၉ – ၂၀၁၉- ရက်နေ့ ညနေပိုင်း၎ နာရီ ၃၀ အချိန်ခန့်က သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော မသဇင်အေး(၃၀)နှစ်(ဘ)ဦးသန်းအေး ဓာတ်မှန်ကျွမ်းကျင် ၄ အကွက်(၆)ရပ်ကွက် သိမ်ဇရပ်မြို့နေသူသည် ဓာတ်မှန်ဖလင်ဆေးသောအခန်းအတွင်း ဆိုဖီယမ်းဆာယာနိုက်အဖြူရောင်ဓာတုဆေးမှုန့်များသောက်ပြီး သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရသိရသည်။


သေဆုံမှုနှင့်ပါတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဒုရဲအုပ် သန့်စင်ကျော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သိမ်ဇရပ် ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၂/၂၀၁၉-ဖြင့် စခန်းမှူး ရဲအုပ်ခင်မောင်စိုးမှ ရေးဖွင့်ပြီး အလောင်းအား သိမ်ဇရပ် ဆေးရုံ သို့ပေးပို့ပြီးစစ်ဆေးမှုများဆောင်ရွက်နေကြောင်းဆက်လက်သိရသည်။

Credit: သတင်း-စိုးကြီး(ဝေါ)

Leave a Reply

Your email address will not be published. Required fields are marked *