ဖုန်းဖြင့် Game ကစားရင်း ရထားလမ်းကူးရာမှာ ပြုတ်ကျသေဆုံး – Myanmar Hot News
1st June 2023

ဖုန်းဖြင့် Game ကစားရင်း ရထားလမ်းကူးရာမှာ ပြုတ်ကျသေဆုံး

ပခုက္ကူ ဧရာဝတီတံတားပေါ်တွင် 21.9.2019 ည ၁၀နာရီခွဲခန့်က မိုဘိုင်းဂိမ်း ကစားနေသော သူငယ်ချင်း၆ယောက်အုပ်စုမှ ၃ယောက်သည် တံတားမိုင်တိုင် ၃၁ တွင်ရထားလမ်ဘက်အခြမ်း၌ ဂိမ်းကစားနေကြစဉ်၂ယောက်မှ ပြန်ကြအောင်ဟု ပြောပြီး ရထားလမ်းဘက်မှကားလမ်းဘက်သို့ ကူးကြစဉ် မောင်ကောင်းဆက်ဟိန်းမှာ ဂိမ်းဆော့ရင်း တန်းလန်းဖြင့် ရထားလမ်းကို ကူးလာရာ ကားလမ်းနှင့်ရထားလမ်းအကြား တစ်ပေခန့် ဟနေသောနေရာမှ တံတားအောက်သို့ ပြုတ်ကျခါ တံတားအောက်ရှိကရိမ်းနှင့် တံတားသံဘောင်များပေါ်သို့ ကျပြီး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ မောင်ကောင်းဆက်ဟိန်းမှာ ပထမနှစ်ကျောင်းသားဖြစ်ပြီးရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်၊ ဥက္ကံရွာမ မှပခုက္ကူမြို့ပေါက်လမ်း မျက်မမြင်ကျောင်းရှေ့ ကံသာ ရေခဲသေတ္တာနှင့်အဲယားကွန်းဆိုင်တွင် ပညာသင်ကြားနေသူဖြစ်ပါတယ်။

ညစဉ်၈နာရီမှ၁၀နာရီခန့်အထိ ထိုနေရာတွင်ဂိမ်းဆော့သည်မှာ ညတိုင်းဟုသိရပါတယ်။

credit:သတိုးသတိုးအောင်

Leave a Reply

Your email address will not be published. Required fields are marked *