ဝတ်လစ်စလစ် အိပ်စက်ခြင်းရဲ့ ကောင်းကျိုး (4) ချက် – Myanmar Hot News
25th March 2023

ဝတ်လစ်စလစ် အိပ်စက်ခြင်းရဲ့ ကောင်းကျိုး (4) ချက်

အိပ်စက်တယ် ဆိုတာတော့ ကျွန်တော်တို့ ကိုယ်ခန္ဓာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါတယ်တဲ့ လိုအပ်ချက်ဖြစ်ပါတယ် ။ အိပ်စက်ရာမှာ လူအမျိုးမျိုး မိတ်ဆွေတို့ကြုံဖူးပါလိမ့်မယ် ။ Pajama အကောင်းစား ဝတ်ပြီး ကြီးကြီးကျယ်ကျယ် အိပ်တဲ့ လူ ၊ အပြင်ကပြန်လာရင် အင်္ကျီ မလဲပဲ တန်းပြီးထိုးအိပ်တဲ့လူ အစရှိသဖြင့် အစုံပါပဲ ။

အဲ့ထဲကမှ တော်တော် awakward ဖြစ်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲ့တာက ဝတ်လစ်စလစ် မိမွေးတိုင်း ၊ ဖမွေးတိုင်း အိပ်တာပါပဲ ။ ဒါပေမယ့် အဲ့လိုအိပ်တာကလည်း အံ့ဩလောက်အောင် စိတ်ရော ကိုယ်အတွက်ပါ ကောင်းမွန်တဲ့ အချက်တွေကို သုတေသန ပညာရှင်များက ဖော်ပြပေးထားပါတယ် ။

1) ကျန်းမာရေးအတွက်ပိုမိုကောင်းမွန်

ဝတ်လစ်စလစ် အိပ်စက်ခြင်းဟာ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပူ ဓာတ်ကိုလျော့ကျစေပြီး အသက်အရွယ်အရ အိုမင်းရင့်ရော်မှု ကိုလည်း လျော့ချ ပေးနိုင်တဲ အပြင် ဆံပင်ကျွတ်ခြင်းနဲ့ အရေပြားရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။

1) စိတ်ဖိစိးမှု ကိုလျော့ကျ စေတယ်

ခပ်ရိုးရိုးပြောရရင်တော့ ကျွန်တော်တို့ဟာ တစ်နေ့တာလုံး လုပ်ငန်းခွင်မှာ ဖြစ်စေ ၊ ကျောင်းစာသင်ခန်းမှာဖြစ်စေ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေထိုင်ကြရတယ် ။ စိတ်ဖိစီးမှု တွေရှိတယ် ၊ ဖိအားတွေရှိတယ် ။ အဲ့အတွက် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တစ်ကိုယ်ရေ လွတ်လပ်ချိန်ဟာ အိပ်ချိန်မှာ ကိုယ်ခန္ဓာကို အလွတ်လပ်ဆုံး ထားမယ် တစ်နည်းအားဖြင့် အဝတ်အစားမပါ ပဲ အိပ်စက်မယ် ဆိုရင် တစ်နေ့တာ မှာပင်ပန်းထားသမျှ စိတ်ဖိစီးမှု တွေကို လျော့ကျ စေနိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ဆိုတယ် ။

2) အိမ်ထောင်ရေးသာယာမှု

အကယ်၍ သင်ကသာ အိမ်ထောင်သည် တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ဝတ်လတ်စလစ် အိပ်စက်ခြင်းက သင့်အတွက် အထူးသင့်လျော်ပါတယ် ။ အိမ်ထောင်ဖက် တစ်ဦးနဲ့ တစ်ဦးကြား ပိုမိုရင်းနှီး နွေးထွေးစေပြီး ချစ်ခင်ယုယ မှုလည်း ပိုမိုတိုးပွားစေနိုင်ပါတယ် ။

2) ကယ်လိုရီတွေလောင်ကျွမ်း စေနိုင်

အိပ်စက်ချိန်မှတင် မဟုတ်ပါဘူး အဝတ်အစားမပါ ပဲ နေထိုင်တာဟာ သွေးလည်ပတ်မှု အတွက်ပိုမိုကောင်းမွန်ပါတယ် ။ ဒါ့အပြင် ဝမ်းသာစရာ တစ်ချက်က ကယ်လိုရီတွေ ၊ အဆီပိုတွေ ကိုလည်း အလွယ်တကူ လောင်ကျွမ်းစေနိုင်ပါတယ် ။

ကဲ ဘာကြည့်နေတာလဲ .!
ဒီညပဲ စမ်းကြည့်လိုက်တော့လေ 

Leave a Reply

Your email address will not be published. Required fields are marked *