အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရခဲ့တဲ့ မြန်မာလူမျိုး မဆုရည်အောင် – Myanmar Hot News
31st May 2023

အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရခဲ့တဲ့ မြန်မာလူမျိုး မဆုရည်အောင်

အမေရိကန်က သင်္ဘောသား ရာနဲ့ချီပြီး တာဝန်ထမ်းဆောင်နေတဲ့စစ်သင်္ဘောပေါ်မှာ မြန်မာလူမျိုး မဆုရည်အောင်က ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်ပြီး အတော်ဆုံးရေတပ်သား ဆုတွေဘွဲ့တွေရခဲ့တဲ့အပြင် ရာထူးတိုးသွားပါပြီတဲ့။

US Navy က စစ်သင်္ဘော John P Murthaသင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့Chief Petty Officer ဖြစ်သွားပါပြီ။

Chief Petty Officer ရာထူးတက်ကြတဲ့(၆)ယောက်မှာ မဆုရည်အောင်တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။

အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navyမှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။ အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့ Sailor Of The Year၊Sailor Of The Quarter ဆိုတဲ့Award တွေရခဲ့တာလည်း (၅) ကြိမ်ရှိခဲ့ပါပြီ။

ဝမ်းသာဂုဏ်ယူမှူတွေကိုအဖေနဲ့အမေ သာမက မြန်မာလူမျိုးတွေအနေနဲ့လည်းဝမ်းသာ ဂုဏ်ယူရ အောင်မျှဝေပေးလိုက်တာဖြစ်ကြောင်းသိရှိရပါသည်။

Credit: CeleLoveMM

Leave a Reply

Your email address will not be published. Required fields are marked *