ဒေါ်လာသန်းချီတန်တဲ့ ရွှေအိမ်သာကမုတ် အနုပညာပြပွဲမှာ အခိုးခံရ – Myanmar Hot News
30th May 2023

ဒေါ်လာသန်းချီတန်တဲ့ ရွှေအိမ်သာကမုတ် အနုပညာပြပွဲမှာ အခိုးခံရ

ရွှေသားအတိဖြင့်ဖန်တီးထားပြီး အမေရိကန် လို့ နာမည်ပေးထားတဲ့ အိမ်သာကမုတ်ဟာ အင်္ဂလန်နိုင်ငံမှာ ကျင်းပနေတဲ့ အနုပညာပြပွဲတစ်ခုမှာ အခိုးခံခဲ့ရပါတယ်။ အဆိုပါ အိမ်သာကမုတ်ကို အီတလီအနုပညာရှင်တစ်ယောက်က ဖန်တီးထားတာဖြစ်ပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို အဆိုပါခိုးယူမှုနှင့်ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး အင်္ဂလန်ရဲတပ်ဖွဲ့ ကဖမ်းဆီးစစ်မေးနေပါတယ်။

စုံထောက် Jeff Milna ကတော့ “ကျွန်တော်တို့ဟာ အစွမ်းကုန်အင်အားသုံးပြီး ပျောက်ဆုံးနေတဲ့ ရွှေအိမ်သာကို ရှာဖွေနေပါတယ်လို့ ” ဖြေကြားထားပါတယ်

WOODSTOCK, ENGLAND – SEPTEMBER 12: “America”, a fully-working solid gold toilet, created by artist Maurizio Cattelan, is seen at Blenheim Palace on September 12, 2019 in Woodstock, England. The Italian artist is known as the prankster of the art world. His most notable piece being “America” a solid gold usable toilet which had art lovers queuing to use when it was shown at the Guggenheim Museum in New York. (Photo by Leon Neal/Getty Images)

ခိုးယူသူတွေဟာ မနက်အစောပိုင်းလောက်မှာ ပြတိုက်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီးခိုးယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ အိမ်သာဟာ ပြထားယုံသက်သက်မဟုတ်ပဲ တကယ့်အလုပ်လုပ်နေတဲ့ အိမ်သာအတိုင်း အိမ်သာပိုက်များနှင့်ဆက်သွယ်ထားတဲ့အတွက် ဖြုတ်ယူသွားပြီးနောက်ပိုင်း ပြတိုက်အတွင်းရေလျှံမှုတွေ ဖြစ်ပွားနေတာတွေ့ ရပါတယ်။

ကာလပေါက်ဈေးအရ အဆိုပါအိမ်သာဟာ ဒေါ်လာ ၅ သန်းပေါက်ဈေးရှိပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *