ကင်ညာနိုင်ငံ အထက်တန်းကျောင်းတစ်ခုမှ တတ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဟာ ရာသီသွေးပေါ်နေစဉ် ညစ်ပတ်လိုက်တာဟု အပြောခံရသောကြောင့် အရှက်လွန်ပြီး ကိုယ့်ကို သတ်သေခဲ့ပါတယ်။

သူမအားပြောဆိုလိုက်သူမှာ သူမ၏ ကျောင်းမှ ဆရာမဖြစ်ပါတယ်။ ကျောင်းသို့ လာစဉ် ကျောင်းဝတ်စုံမှာ ရာသီသွေးများပေနေတာကို ဆရာမက တွေ့ သဖြင့် ညစ်ပတ်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။
သူမ၏ ဆရာမဟာ ညစ်ပတ်တယ်လို့ ပြောယုံပင်မကပဲ အတန်းထဲမှ ထွက်ခိုင်းကာ အတန်းအပြင်ဖက်တွင် မတ်တပ်ရပ်ခိုင်းပြီး ဒဏ်ပေးခဲ့ကြောင့် သူမ၏ မိခင်က ပြောကြားခဲ့ပါတယ်။
အခုအခါမှာတော့ သူမ၏ မိဘများက အဆိုပါဆရာမအားတရားစွဲဆို အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။
Source: Buzzfeed