ရုရှဦးဆောင်ပြီး တရုတ်၊အိန္ဒိယတို့ ပါဝင်သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီး – Myanmar Hot News
30th May 2023

ရုရှဦးဆောင်ပြီး တရုတ်၊အိန္ဒိယတို့ ပါဝင်သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီး

အမေရိကန်နှင့်အနောက်နိုင်ငံများကို သတိပေးလိုသည့်ရည်ရွယ်ချက်ရှိသည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ရုရှကဦးဆောင်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တရုတ်၊အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ ကိုပါ ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါတယ်။

ရုရှကတော့ ယခုစစ်ရေးလေ့ကျင့်မှုကြီးသည် မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း ကြော်ငြာထားပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြေပြင်စစ်သည်အင်အား ၂ သိန်းခွဲကျော်၊ လက်နက်အမျိုးအစားပေါင်း ၂ သောင်းကျော်၊ လေယာဉ်၆၀၀ ကျော်နှင့် သင်္ဘော အစီး ၂၀ ကျော်ပါဝင်လေ့ကျင့်သွားရန် ပြင်ဆင်ထားပါတယ်။

အနောက်နိုင်ငံများက စစ်ရေးသုံးသပ်သူများကတော့ ရုရှဖက်က ဘယ်လောက်ပဲ ငြင်းငြင်း ယခု စစ်ရေးလေ့ကျင့်မှုဟာ ရုရှသည် တစ်နိုင်ငံထဲ သီးသန့်ရှိနေခြင်းမဟုတ်ပဲ မဟာမိတ်များရှိနေကြောင်းကို ပြသလိုသည့် အချက်ဖော်ဆောင်နေသည်ဟု သုံးသပ်ကြပါတယ်။

Source: cnbc.com

Leave a Reply

Your email address will not be published. Required fields are marked *