၁၆နှစ်အရွယ်ကောင်လေး သေလုနီးပါး ဓါးနဲ့အထိုးခံနေရတာကို မကူညီပဲ video ရိုက်ပြီး snapchat ပေါ်တင်ခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေ – Myanmar Hot News
30th May 2023

၁၆နှစ်အရွယ်ကောင်လေး သေလုနီးပါး ဓါးနဲ့အထိုးခံနေရတာကို မကူညီပဲ video ရိုက်ပြီး snapchat ပေါ်တင်ခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေ

ဓါတ်ပုံပါ အသက် ၁၆ နှစ်အရွယ် လူငယ်လေး ခဲဆန်မောရစ်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ သေလောက်အောင် ထိုးခံထားရတဲ့ ဓါးဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာလဲနေပါတယ်။

သူ့ကို ၀ိုင်းပြီးကြည့်နေတဲ့ သက်တူရွယ်တူလူငယ်အရေအတွက် ဟာ အယောက် ၅၀ လောက်ရှိပါတယ်။ ဒါပေမယ့် အဆိုပါ အယောက် ၅၀ဟာသူ့ကို ကူညီဖေးမဖို့၊ ဆေးရုံပို့ဖို့ ကြည့်နေတာဟုတ်ပါဘူး။ Snapchat လို့ ခေါ်တဲ့ social media ပေါ်ကို ဒီသတင်းနဲ့ ပုံတွေကို အပြိုင်တင်ဖို့ ရိုက်ယူနေကြတာပဲဖြစ်ပါတယ်။

ခဲဆန်မောရစ်ဟာ ဆေးရုံအရောက်မှာ အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ နောက်လမှာဆိုရင် သူဟာ အသက် ၁၇ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

အဲ့ဒီဖြစ်ရပ်ကို မျက်မြင်တွေခဲ့တဲ့ရဲအရာရှိကတော့ ” လူငယ်တွေဟာ သူတို့ သူငယ်ချင်း မောရစ်ကို ကူညီရမယ့်အစား video ရိုက်ပြီး snapchat ပေါ်တင်နိုင်ဖို့ သာ အပူတပြင်းအားထုတ်နေကြပါတယ်၊ သူတို့ သာ အချိန်မှာ ကူညီခဲ့ရင် မောရစ်သေမှာမဟုတ်ပါဘူး” လို့ ဆိုထားပါတယ်။

မောရစ်ဟာ အတန်းဖော်ကောင်မလေးသူငယ်ချင်းတစ်ယောက်နဲ့ ကျောင်းကနေအိမ်သို့ ပြန်လာစဉ် ထိုကောင်မလေးရဲ့ရည်းစားဟောင်းရဲ့ ရန်ပြုခြင်းခံရတာဖြစ်တယ်လို့ မောရစ်ရဲ့ညီမက ပြောပြထားပါတယ်။

Snapchat ဆိုတာကတော့ Facebook လိုပဲ လူငယ်တွေအကြားမှာ ရေပန်းစားတဲ့ social media platform တစ်ခုဖြစ်ပါတယ်။

Source: Buzzfeed

Leave a Reply

Your email address will not be published. Required fields are marked *