ဒေါသအရမ်းထွက်နေတဲ့အခါ လုပ်သင့်တဲ့အချက် (၅)ချက် – Myanmar Hot News
31st May 2023

ဒေါသအရမ်းထွက်နေတဲ့အခါ လုပ်သင့်တဲ့အချက် (၅)ချက်

လူဆိုတာ စိတ်ခံစားချက်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် တစ်ခါတလေတော့ စိတ်ဆိုးဒေါသထွက်မိမှာပါပဲ။ တစ်ချို့လူတွေဟာ ဒေါသကိုမျိုသိပ်ထားပါလို့ တိုက်တွန်းတတ်ပါတယ်။ ကျွန်တော် ကတော့ ဒီအယူအဆကို လုံးဝလက်မခံပါဘူး။ ဒါကြောင့် ဒေါသထွက်တဲ့အခါ သင့်အတွက် ဒေါသလည်းပြေ အကျိုးလည်းမယုတ်စေမယ့် အရာလေးတွေကို ဝေမျှပေးပါမယ်။


(1) ပြေးပါ

အရမ်းဒေါသထွက်လာတဲ့အခါ Gym ဒါမှမဟုတ် ဘောလုံးကွင်းတစ်ခုခုကို သွားပြီး ချွေးတွေဆိုရွှဲတဲ့အထိ ပြေးလိုက်ပါ။ ပြေး တာဟာ အသက်ကိုရှည်စေတယ်လို့လည်း သိပ္ပံပညာရှင်တွေ လက်ခံထားကြပါတယ်။ သင်ဒီလိုပြေးလိုက်တာ့ နဲ့ ကိုယ်ကျန်းမားရေးလည်း အထောက်အကူပြုမှာဖြစ်ပြီး ဒေါသထွက်တာတွေလည်းေပြေပျောက်သွားမှာပါ။


(2) အိမ်သန့်ရှင်းလုပ်ပါ

ဒါဟာလည်း သင့်အတွက် အလွန်အသုံးဝင်စေပါတယ်။ သာမန်အချိန်မှာ အိမ်သန့်ရှင်းရေးလုပ်ဖို့ သင်ပျင်းရိနေမယ်ဆိုရင်တောင် အခုလို ဒေါသထွက်နေတဲ့အချိန်မျိုးမှာ လုပ်ရတာ စိတ်သက်သာရာရစေပါတယ်။ အိမ်လည်းသန့်ရှင်းပြီးသားဖြစ်ပြီး သင့်ဒေါသလည်းပြေသွားမှာပါ။


(3) တရားထိုင်/အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ငြိမ်သက်စေမယ့် နေရာတစ်ခုခုကိုသွားပြီး တရားထိုင်လိုက်ပါ။ ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းကြာကြာလုပ်ပေးပါ။ ဒီအရာနှစ်ခုဟာလည်းသင့်ဒေါသကို ဖြေဖျောက်ပေးမယ့်အပြင် အဆုတ်နဲ့ ဦးနှောက်အတွက်ပါ အလွန်အထောက်ကူပြုစေပါတယ်။


(4) ဟာသရုပ်ရှင်တွေကြည့်ပါ

ဟာသရုပ်ရှင်တွေကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်လိုက်ပါ။ ရုပ်ရှင်ပြီးတာနဲ့ Relax ဖြစ်သွားမှာ အသေအချာပါပဲ။


(5) ရေကူးပါ

သင်ပြေးတာကိုမကြိုက်ရင် ရေကူးလို့လည် ရပါသေး တယ်။ သင်အရမ်းဒေါသထွက်ပြီး မျက်ရည်ကျ နေရင်တောင်မှ သင့်မျက်ရည်တွေဟာရေတွေနဲ့ ရောနေမှာဖြစ်တဲ့အတွက် သင်ဒေါသထွက်တာကိုလည်း ဘယ်သူမှမရိပ်မိတာ့ဘူးလေ။

Leave a Reply

Your email address will not be published. Required fields are marked *