ယနေ့ ၄.၉.၂၀၁၉ တွင် လိပ်ကျွန်းအမှုရှေ့နေကြီး မစ္စတာနခေါ် ချုမ်ဖူချာ့ ၊ မစ္စနတ်ထာစီရီနှင့် ဘာသာပြန် မအေးမာချိုတို့ဟာ ဝင်းနဲ့ဇော်တို့ကို ထောင်ဝင်စာတွေ့ဆုံပြီး အမှုအတွက် ဆွေးနွေးခဲ့ပါတယ်။

ဝင်းနဲ့ဇော်ကတော့ ဘုရင့်ဆီအသနားခံသာတင်ဖို့ကိစ္စ ရှေ့နေကြီးများစီမံဆောင်ရွက်ပေးဖို့ လွှဲအပ်ပါတယ်။ ယခုအချိန်မှာ မိခင်များနဲ့ တွေ့ဆုံလိုနေကြပြီး ရှေ့နေကြီးကလည်း မိခင်များလာရောက်ရန် ကိုကျော်အေးမောင်မှတဆင့် စီမံဆောင်ရွက်ပေးနေကြောင်း၊ အသနားခံစာတင်ချိန်တွင် မိခင်ကြီးများနဲ့အတူ တင်ရမှာဖြစ်ကြောင်း ပြောပြရှင်းလင်းပါတယ်။
အဲ့ဒီနောက် ဝင်းနဲ့ဇော်တို့အတွက် သုံးစွဲရန်ငွေများနဲ့ အစားအစာများကို ထောင်အာဏာပိုင်မှတဆင့် ပေးအပ်ခဲ့ပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် ရှေ့နေကြီးများဟာ သန်ဘက်ခါမှာ အစည်းအဝေးပြုလုပ်ပြီး အစီအစဉ်ရေးဆွဲမယ်လို့ သိရပါတယ်။
ယမန်နေ့ကလည်း မြန်မာပြည်မှ ပုဂ္ဂိုလ်ကြီးများ ထောင်ဝင်စာလာတွေ့ကြောင်း ကူညီပေးနေကြောင်း အားပေးစကားပြောသွားတယ်လို့ ဝင်းနဲ့ဇော်က ပြောပါတယ်။(ဝင်းနဲ့ဇော်က အဆိုပါပုဂ္ဂိုလ်ကြီးများဟာ မည်သူမည်ဝါဖြစ်တယ်လို့ သေချာမသိကြပါဘူး၊ ဖြစ်နိုင်ချေက တပ်မတော်မှ အကြီးအကဲများလို့ ခန်းမှန်းပါတယ်။ ခန့်မှန်းသက်သက်ပါ မိမိတို့လည်း သေချာမသိပါ။)
မူရင်းသတင်း Source : MWRN
Source: Chan Myae Aung