စစ်ကိုင်းမြို့ တွင် လုံခြုံရေးများဆောင်ရွက် – Myanmar Hot News
30th May 2023

စစ်ကိုင်းမြို့ တွင် လုံခြုံရေးများဆောင်ရွက်

စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ်- မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ AA လက်နက်ကိုင်အဖွဲ့ဝင်များဟု ယူဆရသူ အမျိုးသား ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများ ဆက်သွယ်ရေးပစ္စည်းများ။ ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က ရရှိသောသတင်းအရ

စစ်ကိုင်းမြို့အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်။
အမှတ်(၁၃)ခြေမြန်တပ်ရင်း။ သံချပ်ကာတပ်နှင့် အမှတ်(၁၆)လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ယာဉ်တန်းများဖြင့်လှည်လည်ကာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

အဆိုပါလုံခြုံရေးလှည့်လည်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ယခုကဲ့သို့တစ်နေ့တည်း တစ်ပြိုင်တည်း လုံခြုံရေးအရပူးတွဲဆောင်ရွက်မှုမျိုး စစ်ကိုင်းမြို့၌ ရှားပါးခဲ့၍ ထူးခြားမှုဖြစ်ကြောင်း ဒေသခံပြည်သူတချို့
မှ သုံးသပ်ချက်များ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေးလှည့်လည်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းပြီး”ရဲရဲတောက်ဂျာနယ်မှ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ”စစ်ကိုင်းတပ်နယ်တွင်တပ်မ တပ်ရင်း တပ်ဖွဲ့ဝင်များ။ အမှတ်(၁၆)လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရာမှာ ပြည်သူများအကြား ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ ဘေးကင်းလုံခြုံရန်မှာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုက အလွန်အမင်းအရေးပါမည်ဖြစ်ကြောင်း။ အမှတ်(၁၆)လုံခြုံရေး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မှုများသည် ပုံမှန်ပြုလုပ်နေကျထက် အသင့်အနေအထား ဖြစ်စေရန်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသာ ပြောပြသည်။

Source: မြန်မာ့သတင်းဦးသတင်းထူး

Leave a Reply

Your email address will not be published. Required fields are marked *