စက်တင်ဘာလ ၁၄ ရက်နေ့ က ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့ လေဆိပ်သို့ ဆင်းသက်ခဲ့သည် မြန်မာအမျိုးသားလေကြောင်းလိုင်း မှ လေယာဉ်တစ်စီး ၀မ်းဗိုက်အတွင်းသို့ ငှက်တစ်ကောင် ၀င်ရောက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

လေယာဉ်ရပ်ထားပြီး ခရီးသည်များ ဆင်းသက်နေစဉ် အဆိုပါ ငှက်က ၀င်သွားခြင်းဖြစ်ပါသည်။

အဆိုပါလေယာဉ်သည် MNA လေကြောင်းလိုင်း၏ ရန်ကုန် ထားဝယ်မြိတ် ခရီးစဉ်ပျံသန်းသည့်လေယာဉ်ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကြောင့် လေကြောင်းခရီးခေတ္တရပ်နားခဲ့ရပြီး ၀မ်းဗိုက်အတွင်း ၀င်ရောက်နေသည့် ငှက်အား ရှာဖွေဖယ်ရှားမှုများပြုလုပ်ခဲ့ရအောင် Mizzima သတင်းဌာနမှ တင်ထားသော သတင်းအရ သိရှိရပါသည်။
Source: Mizzima