ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ် စစ်သားဟောင်း တစ်ယောက် သေဆုံး – Myanmar Hot News
30th May 2023

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ် စစ်သားဟောင်း တစ်ယောက် သေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ မှာ မနေ့ညက အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ခလရ ၃၄ တပ်ရင်းက ထွက်သွားတဲ့ တပ်မတော်သားဟောင်း ဖြစ်ပြီး ရူးစံပြ ကျေးရွာမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောပါတယ်။

မနေ့ည ၇ နာရီလောက်က နေအိမ်အတွင်း ထမင်းစားနေစဉ် အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြော ကြောင်း RFA က ဖေါ်ပြပါတယ်။

တပ်မတော်က ထွက်ထားသူတွေကို တပ်သတင်းပေးဆိုပြီး ရက္ခိုင့်တပ်တော် အေအေ က သတ်တာလို့လည်း တပ်ကစွပ်စွဲပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောတယ်လို့ ဆိုပါတယ်။

Source: RFA

Leave a Reply

Your email address will not be published. Required fields are marked *