ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန်မာ အလုပ်သမား ၆၀၀ကျော် နစ်နာကြေးဘတ်ငွေ ၄၅ သန်းလျှော်ကြေးရ – Myanmar Hot News
30th May 2023

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန်မာ အလုပ်သမား ၆၀၀ကျော် နစ်နာကြေးဘတ်ငွေ ၄၅ သန်းလျှော်ကြေးရ

ထိုင်းလူကုန်ကူးတိုက်ဖျက်ရေး ရဲမှူး Jaruwat Waisaya ကျယူဝပ် ၀ိုင်စရ
ဦးဆောင်ပြီး ရဲနဲ့  အလုပ်သမား အခွင်းရေး ကာကွယ်ရေး အဖွဲ့ ဝင် (၃၀)ဟာ ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့ က ထိုင်းဝမ်နိုင်ငံသား ပိုင် အားကစားအထည်ချုပ် စက်ရုံနဲ့  အိပ်ချုပ်စက်ရုံ နှစ်ရုံ
ကို ၀င်ရောက်စစ်ဆေးခဲ့တာတာဖြစ်ပါတယ်။

ခုလို စက်ရုံကအလုပ်သမားတွေနဲ့  တိုက်ရိုက်တွေ့ ဆုံ စစ်ဆေးခဲ့ကြရာမှာ မြန်မာနိုင်ငံ သားအလုပ်သမား (၆၀၀)ကျော်ဟာ သက်မှတ်ထားတဲ့လုပ်အားခ (နေစားခ တရက် ဘတ်ငွေ ၃၁၀) မရကြဘဲ ခြောက်နှစ်ကြာလူဟောင်း လုပ်သားတွေကို ထိုင်းဘတ် ၂၆၅ သာပေးပြီး အလုပ်သမား
အသစ် ဆိုရင် ဘတ်ငွေ ၁၀၀ ကနေ ၁၃၀ သာ စပေးနေတာဖြစ်ပါတယ်။

အလုပ်သမားတွေကို အားလပ်ရက်မပေးဘဲ တလလုံး အလုပ်လုပ်နေကြရတာကို စစ်ဆေးတွေ့ ရှိသွားပါတယ်။

ခုလို အလုပ်သမားရေးရာ အဆင့်မြင့်အရာရှိတွေ လာရောက် စစ်ဆေးခဲ့ပြီးတဲ့နောက် ထိုင်းဝမ်းနိုင်ငံသား စက်ရုံပိုင်ကို မြန်မာ အလုပ်သမား ၆၀၀ကျော်အတွက် နစ်နာကြေး ဘတ်ငွေ (၄၅) သန်း ပေးဘို့  ထိုင်းအလုပ်သမားရေးဌာနက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ခုလို အလုပ်သမားတွေနစ်နာကြေး ကို သတ်မှတ်ထားတဲ့ ရက်အတွင်းမပေးဘူး ဆိုရင် အလုပ်ရှင်ကိုတရားစွဲဆိုသွားမှာဖြစ်ပြီး စက်ရုံပါပိတ်ခြင်းခံမှာဖြစ်ကြောင်း သိရပါတယ်။

SAW

Leave a Reply

Your email address will not be published. Required fields are marked *