ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မှာ စက်တင်ဘာ ၁၆ (၂၀၁၉) ရက်နေ့ မှာ ထွက်ခဲ့တဲ့ ပထမဆု ဘတ်ငွေ (၆) သန်းဆု 340388 (၃၄၀၃၈၈) နံပါတ် ကို တနေရာထဲ ထီဆိုင်တစ်ဆိုင်မှာ ပြိုင်တူဝယ်မိခဲ့ကြတဲ့မြန်မာနိုင်ငံသား အလုပ်သမား မိသားစု နှစ်စု ထီပေါက် ပေါက်သွားခဲ့ကြောင်း
သိရပါတယ်။

မဲဟောင်ဆောင်နဲ့  ချင်းမိုင်မြို့ မှာနေထိုင်နေကြတဲ့ မြန်မာမိသားစုဟာ ထီထွက်မယ့်နေ့  မှာ ချင်းမိုင် မြို့ က Pong Noi Temple ပေါင်နွိုင်ဘုန်းတော်ကြီးကျောင်းေ၇ှ့ မှာ မြန်မာနိုင်ငံကနေလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မိသားစု နှစ်စုဟာ ပထမဆုပေါက်မယ့် ထီလက်မှတ်ကို တိုက်တိုက်ဆိုင်ဆိုင် အချိန်သာခြားပြီး ပြိုင်တူ ၀ယ်ခဲ့ကြတာပါ။

နိုင်ဖွန် အသက် (၄၃ )နှစ် ဟာ သူ့ မိသားစုနဲ့ အတူ ပုန်နွိုင် ရဲစခန်းမှာ ပထမဆုပေါက်ကြောင်း လာရောက် သတင်းပေးသွားခဲ့ပြီး နောက်သူဌေးလောင်း မြန်မာနိုင်ငံသားတစ်ဦးကတော့ နိုင်ချိုင်း အသက် (၃၀) ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားဖြစ်ပါတယ်။
ယခုထိုင်းထီပေါက်ခဲ့တဲ့ မြန်မာနိုင်ငံသား မိသားစု နှစ်စုဟာ တစ်ဦးနဲ့ တစ်ခု မသိခဲ့-မိတ်ဆွေမဟုတ်ကြပါဘူး၊ ထီထွက်တဲ့ နေ့ မနက်ပိုင်းမှာ တနေ ရာထဲ နှစ်စောင်တွဲသာကျန်နေတဲ့ ပေါက်မယ့်ထီကို အချိန်သာခြားပြီး တစ်စောင်စီ ၀ယ်ခဲ့ကြတဲ့ ဖြစ်ရပ်ဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုဖြစ်ပါတယ်။
မိသားစုနှစ်စုလုံး ပထမဆု ဘတ်ငွေခြောက်သန်း (ငွေလဲနုန်း ထိုင်းငွေ( ၂၀၀၀ )ဘတ်ကို မြန်မာငွေ တစ်သိန်းကျပ်) ထုတ်ပြီးရင် မြန်မာနိုင်ငံပြန်ပြီး ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်မယ်လို့  သိရပါတယ်။
Source: Saw