ဧရာဝတီတိုင်းဒေသကြီးမှ တောင်ကြီးကိုသွားတဲ့ ပန်းရံအလုပ်သမား(၂၀)ကျော် လမ်းမှာပျောက်ဆုံးနေ – Myanmar Hot News
22nd March 2023

ဧရာဝတီတိုင်းဒေသကြီးမှ တောင်ကြီးကိုသွားတဲ့ ပန်းရံအလုပ်သမား(၂၀)ကျော် လမ်းမှာပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျေးရွာတွေက ပန်းရံအလုပ် သမား(၂၀)ကျော် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့(စိစစ်ဆဲ)ကို အလုပ်လုပ်ဖို့ စက်လှေနဲ့ ရေလမ်းကိုဖြတ်ချိန် လမ်းမှာပျောက်ဆုံးပြီး အဆက်အသွယ် မရဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။

“သတင်းအခြအမြစ်ကမှန်တယ်။ ဖြစ်စဉ်ကတော့ လူတွေနဲ့ပထမလှေတစ်စင်းတက်သွားတယ်။ လှေပေါက်သွားလို့ နောက်လှေတစ်စင်းနဲ့ကယ်ဆယ်တယ်။ အဲဒီစက်လှေလည်း ပန်ကာပြုတ်ကျသွားတယ်လို့လည်း ပြောတယ်။ အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းကို အပြည့်အစုံပြန်တင်ပြခိုင်းထားတယ်။ ဖြစ်စဉ်အခြေအနေအမှန်ကို တင်ပြခိုင်းထားပါတယ်။”လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ စက်တင်ဘာ(၁၄)ရက်ကတည်းကဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အနည်းဆုံးလူ(၂၅)ယောက်အထိ ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေရသိရပေမယ့် ဒုတိယရဲမှုးကြီးကတော့ ပျောက်ဆုံးလူဦးရေကို အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Source: Omedia

Leave a Reply

Your email address will not be published. Required fields are marked *