ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာနွယ်ဖွားမိသားစုမှ ကျောင်းသူနှစ်ဦး ဂျပန်နိုင်ငံ စက်မှုသိပ္ပံပြပွဲသို့  တက်ရောက်ရန် ထိုင်းအစိုးရ ခွင့်ပြု – Myanmar Hot News
22nd March 2023

ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာနွယ်ဖွားမိသားစုမှ ကျောင်းသူနှစ်ဦး ဂျပန်နိုင်ငံ စက်မှုသိပ္ပံပြပွဲသို့  တက်ရောက်ရန် ထိုင်းအစိုးရ ခွင့်ပြု

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်း(ထိုင်းမြန်မာနယ်စပ်) ဒေသ နမ့်စောင် ယာရီ ဆဲ့ ချီ အသက် (၁၂) နှစ် နမ့် စောင် ခန်ဖွန် သီရ Khamphonthaya အသက် ၁၅ နှစ်(ရှမ်းနွယဖွား) နှစ်ဦးကို ဂျပန်နိုင်ငံနိုင်ငံမှာ ကျင်ပမယ့်Small Power Change the World Project Year 7 အသေးစား စွမ်းအင်တီထွင်ပြပွဲတက်ရောက်ရန်အတွက် ထိုင်းအစိုးရက ယာယီခ၇ီးသွားခွင့် (အ၀ါရောင် စာအုပ်) ထုတ်ပေးလိုက်ပြီလို့  သိရပါတယ်။

သူတိုနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အ နေကြာ
မြန်မာနွယ်ဖွား မိဘတွေရဲ့  ကလေးတွေဖြစ်ပါတယ်။ ထိုင်အစိုးရကထုတ်ပေးတဲ့ ၁၀ နှစ်ခံ နေထိုင်ခွင့် ကပ်ပြားတွေနဲ့  ထိုင်းကျောင်းတွေမှာ ပညာသင်ကြားနေ ကြရတာပါ။

ကျောင်းသူနှစ်ဦးစလုံး စာတော်ကြသူတွေဖြစ်ပြီး ထိုင်းနိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ တီထွင်နည်းပညာ ဆုရရှိထားသူတွေဖြစ်ကြပါတယ်။

သူတိုနှစ်ဦး ဂျပန်နိုင်ငံကို သွားရောက်နိုင်ဖို့ အတွက် ကျောင်းဆရာမတွေ နယ်မြေအုပ်ချုပ်ရေးမှူး အပြင် ဘန်ကောက်မြို့  နည်းပညာ တက္ကသိုလ်ကပါ အကူအညီပေးခဲ့ကြ ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ ပညာရေးမှာ မိမိနိုင်ငံသား တွေတင်မက နိုင်ငံမဲ့ ဖြစ်နေရတဲ့ မြန်မာ -လာအို ကမ္ဘောဒီယား စတဲ့ အိမ်နီးချင်းနိုင်ငံ သား တွေရဲ့  ကလေးတွေ ပညာရေးကိုပါ မြှင့်တင်အားပေးနေတာ ဖြစ်ပါတယ်။

SAW

Leave a Reply

Your email address will not be published. Required fields are marked *