ထိုင်းကိုနိုင်ပြီး ကွာတားတက်သွားတဲ့ သက်ထားသူဇာ – Myanmar Hot News
22nd March 2023

ထိုင်းကိုနိုင်ပြီး ကွာတားတက်သွားတဲ့ သက်ထားသူဇာ

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့ နယ်ရှိ အမျိုးသားကြက်တောင်ရိုက်ကွင်းမှာ စက်တင်ဘာလ ၁၂ ရက်နေ့ မှာ စတင်းကျင်းပါခဲ့ပါတယ်။

မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေတဲ့ မြန်မာ့ကြက်တောင်ချန်ပီယံလေး သက်ထားသူဇာလည်း ယခုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

အမျိုးသမီးတစ်ဦးချင်း ရှုံးထွက်ပွဲမှာ သက်ထားသူဇာက ထိုင်းကစားသမား ဆာယာပွန်းကို သုံးပွဲတွင် ၂ ပွဲအနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကြက်တောင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

News source: Mizzima

Leave a Reply

Your email address will not be published. Required fields are marked *