စစ်တပ်သုံး Drone အမျိုးအစားပရောဂျက်မှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်၏ စိတ်ပူတဲ့အချက် – Myanmar Hot News
23rd March 2023

စစ်တပ်သုံး Drone အမျိုးအစားပရောဂျက်မှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်၏ စိတ်ပူတဲ့အချက်

Google ၀န်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ စစ်တပ်သုံး Drone project မှာပါဝင်ခဲ့တဲ့ နိုလန်ဟာ ဒီ စစ်တပ်သုံး Drone တွေကြောင့် စစ်ပွဲတွေ စတင်ဖြစ်ပွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

နိုလန်ဟာ တပ်မတော်သုံး နည်းပညာ project တစ်ခုမှာ ပါဝင်ခဲ့ပြီး အဆင့်မြင့်များလာတဲ့ ဥာဏ်ရည်တု (AI) အသုံးပြုစစ်လက်နက်များရဲ့ အန္တရာယ်ကောင်းပုံကို သတိပေးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ project မှာ Google က ပါဝင်ပက်သက်နေခြင်းရှိမရှိကိုတော့ သူက မဖော်ပြထားပါဘူး။ နိုလန်အဓိက ထောက်ပြတဲ့ လက်နက်ကတော့ မိုင် ထောင်ချီအကွာအဝေးကနေ ထိန်းချုပ်ပြီး ရန်သူတွေကို နှိမ်နင်းနိုင်တဲ့ Drone လက်နက်ပဲ ဖြစ်ပါတယ်။

အဆိုပါ Drone တွေကို ဓာတုဗေဒလက်နက်များကိုထိန်းချုပ်သလိုပဲ ထိန်းချုပ်တားမြစ်သင့်ကြောင်းကို နိုလန်က တိုက်တွန်းထားပါတယ်။

နိုလန်ဟာ တပ်မတော်သုံး Robot တွေတီထွင်ခြင်းကို တားမြစ်တဲ့ campaign တစ်ခုမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

နိုလန် သတိပေးချက်ကတော့ ရှင်းရှင်းလေးပါ ” ဘယ်လောက်ပဲအဆင့်မြင့်တဲ့ နည်းပညာဖြစ်ဖြစ်၊ ရာသီဥတုဆိုးရွားတဲ့အချိန်၊ ရန်သူလား မိတ်ဆွေလားမခွဲခြားနိုင်တဲ့အချိန်မှာ အလိုအလျောက် တိုက်ခိုက်မှုတွေ အလိုအလျောက် ဖြစ်ပွားနိုင်ပါတယ်” တဲ့။

Source: ဂါးဒီးယမ်း

Leave a Reply

Your email address will not be published. Required fields are marked *